လ - ဇူလိုင် 2023

ချီးမြှောက်ခြင်းခံထိုက်သူကား မည်သူနည်း

ခရုပတ်လှေကားမှသည် ကျယ်ဝန်းသောအိပ်ခန်း၊ သစ်မာကြမ်းပြင်မှသည် နူးညံ့သောကော်ဇောခင်းထားခြင်း၊ ကျယ်ဝန်းသောအဝတ်လျှော်ခန်းမှသည် ကောင်းမွန်သောရုံးခန်းထိ၊ အိမ်ခြံမြေအကျိုးဆောင်သည် အလားအလာကောင်းသော အိမ်တစ်လုံးကို ငယ်ရွယ်သည့်ဇနီးမောင်နှံအား ပြသခဲ့သည်။ အခန်းတစ်ခုသို့ရောက်တိုင်း သူတို့က “မင်း ငါတို့အတွက် အကောင်းဆုံးနေရာကို ရွေးပေးတာပဲ။ ဒီအိမ်က အံ့မခမ်းပဲ” ဟု အားပါးတရချီးမွမ်းလိုက်ရာ၊ အိမ်ခြံမြေအကျိုးဆောင်က “ခင်ဗျားတို့ရဲ့ချီးမွမ်းစကားကို အိမ်ဆောက်သူကို ‌ပြောလိုက်ပါ့မယ်။ အိမ်ကို ဆောက်တဲ့သူသာလျှင် ချီးမွမ်းခံထိုက်ပါတယ်၊ အိမ်နဲ့ အိမ်ကိုပြတဲ့သူက အချီးအမွမ်းခံထိုက်တာ မဟုတ်ပါဘူး” ဟုတုံ့ပြန်ခဲ့သဖြင့် တစ်မျိုးကြီးဟု သူတို့တွေးမိသော်လည်း ၎င်းသည် မှန်ပါသည်။

အိမ်ခြံမြေအကျိုးဆောင်၏စကားများက “အိမ်ကို ဆောက်သောသူသည် အိမ်ထက်သာ၍ကြီးသော အသရေရှိ”၏ (ဟေဗြဲ ၃:၃) ဟူသော ဟေဗြဲဩဝါဒစာ ရေးသူ၏စကားကို ထင်ဟပ်စေသည်။ ကျမ်းရေးသူသည် ဘုရားသခင်၏ သားတော်ယေရှုနှင့် ပရောဖက်မောရှေတို့၏ သစ္စာတရားကို နှိုင်းယှဉ်ထားသည် (:၁-၆)။ မောရှေသည် ဘုရားသခင်နှင့်မျက်နှာချင်းဆိုင် စကားပြောရန်နှင့် ဘုရား၏ပုံသဏ္ဌာန်တော်ကို မြင်တွေ့ရန်…

အမှောင်မှအလင်းသို့

မည်သည့်အရာကမှ Aakash (အာကက်ရှ်)ကို သူ့စိတ်ကျရောဂါမှ မဆွဲထုတ်နိုင်ပါ။ သူသည် ယာဥ်တိုက်မှုကြောင့် ဆိုးဝါးစွာဒဏ်ရာရခဲ့ပြီး အနောက်တောင် အာရှရှိ သာသနာပြုဆေးရုံတစ်ခုတွင် တက်ရောက်ကုသခဲ့သည်။ ခွဲစိတ်မှု (၈) ကြိမ်ပြီးသည့် နောက်တွင် ကျိုးသွားသောအရိုးများကို ကုသနိုင်ခဲ့သော်လည်း သူအစားမစားနိုင်ပါ။ သူ၌ စိတ်ကျရောဂါဝင်လာခဲ့သည်။ စားဝတ်နေရေး အတွက် သူမိသားစုက သူ့အပေါ် မှီခိုနေရပြီး၊ သူတာဝန်မကျေနိုင်တော့သောကြောင့် သူ၏ကမ္ဘာသည် အမှောင်ကျလျက် မျှော်လင့်ချက်မဲ့လာသည်။

တစ်နေ့တွင် ‌ဆေးရုံသို့အလည်လာသူတစ်ဦးက သူ့အား သူ၏မိခင်ဘာသာစကားဖြင့် ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို ဖတ်ပြပြီး၊ သူ့အတွက် ဆုတောင်းပေးခဲ့သည်။ သခင်ယေရှုအားဖြင့်ပေးသည့် ဘုရားသခင်၏ အခမဲ့လက်ဆောင်ဖြစ်သော ခွင့်လွှတ်ခြင်းနှင့် ကယ်တင်ခြင်းကို မျှော်လင့်ခြင်းက သူ့စိတ်နှလုံးကို တို့ထိခဲ့ပြီး ဘုရားရှင်၌ သူယုံကြည်ကိုးစားခဲ့သည်။ သူ့စိတ်ကျရောဂါပျောက်သွားပြီး၊ သူအိမ်ပြန်ရောက်သောအခါ သူရှာတွေ့ခဲ့သည့် အသစ်သောယုံကြည်ခြင်းကို ထုတ်ဖော်ပြောရန် အစပိုင်း၌ စိုးရွံ့နေခဲ့သည်။ နောက်ဆုံးတွင် သူ့မိသားစုအား သခင်ယေရှုအကြောင်းပြောပြခဲ့ပြီး မိသားစုဝင် (၆)…

အကူအညီတောင်းခံခြင်း

David Willis (ဒေးဗစ် ဝေးလစ်(စ်))သည် လန်ဒန်မြို့ရှိ ‘Waterstones’ (ဝါးတားစတုန်းစ်) စာအုပ်ဆိုင်အပေါ်ထပ်တွင်ရှိနေပြီး အောက်ထပ်ဆင်းလာသောအခါ မီးများနှင့် တံခါးများပိတ်ထားသည်ကို တွေ့လိုက်ရသည်။ သူသည် စာအုပ်ဆိုင်ထဲတွင် ပိတ်မိနေသည်။ ဘာလုပ်ရမှန်းမသိသောကြောင့် သူသည် တွစ်တာပေါ်၌ “ဝါးတားစတုန်းစ် ရေ၊ Trafalgar Square (ထရာဖော်လ်ဂါ ရင်ပြင်)က မင်းရဲ့စာအုပ်ဆိုင်မှာ ကျွန်တော်ပိတ်မိနေတာ (၂) နာရီရှိပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ထွက်ခွင့်ပေးပါ” ဟု ရေးသားခဲ့သည်။ သူရေးသားပြီး မကြာမီ သူ့အား လာကယ်ခဲ့ကြသည်။

ပြဿနာကြုံသောအခါ အကူအညီရနိုင်မည့် နည်းလမ်းရှိခြင်းသည် ကောင်းပါသည်။ မိမိဘာသာပြုသောပြဿနာများနှင့် ကြုံရသောအခါ ကျွန်ုပ်တို့၏ အကူအညီတောင်းခံမှုကို ဖြေကြားပေးမည့်သူတစ်ဦးရှိသည်ဟု ပရောဖက် ဟေရှာယက ဆိုသည်။ ထာဝရဘုရား၏လူမျိုးတော်သည် တရားလမ်း၌ တလွဲမွေ့လျော်ကြ၍ ထာဝရဘုရားက အပြစ်တင်တော်မူသည်။ သူတို့သည် အစာရှောင်ခြင်း၊ ခြိုးခြံခြင်းတို့ကို ပြုကြသော်လည်း ဆင်းရဲသားတို့အား ဖိနှိပ်ခြင်းကို…

သန့်ရှင်းသောဝိညာဉ်တော်၌ လွတ်လပ်ခြင်း

Orville Wright (အော်ဗေးလ်ရိုက်)နှင့် Wilbur Wright (ဝေးလ်ဘာရိုက်) ညီနောင်တို့သည် လေယာဉ်မှူးလက်မှတ်ရထားကြသူများ မဟုတ်ပါ။ နှစ်ဦးလုံးသည် ကောလိပ်လည်း မတက်ဖူးပါ။ သူတို့သည် ကြိုးစား၍ ပျံသန်းရန်အိပ်မက်နှင့် စမ်းသပ်ဝံံ့သည့်သတ္တိရှိသူ စက်ဘီးပြင်ဆရာများသာဖြစ်ကြသည်။ ၁၉၀၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် သူတို့သည် ‘Wright Flyer’ (ရိုက်လေယာဉ်)ကို တစ်ယောက်တစ်လှည့်စီ (၄) ကြိမ် မောင်းနှင်ခဲ့ကြသည်။ အကြာဆုံးပျံသန်းမှုသည် တစ်မိနစ်မျှသာကြာခဲ့သော်လည်း ၎င်းသည် ကမ္ဘာကြီးကို လုံးဝပြောင်းလဲစေခဲ့သည်။

ပေတရုနှင့် ယောဟန်တို့၌လည်း တရားဟောလက်မှတ်မရှိသည့်အပြင် ကျမ်းစာကျောင်းလည်း မတက်ဖူးကြပါ။ သူတို့သည် တံငါသည်များဖြစ်ပြီး၊ သခင်ယေရှု၏ဝိညာဉ်နှင့် ပြည့်သောအခါ “ထိုသခင်၏ နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင် မပေါ်မရှိ” (တ ၄:၁၂)ဟူ၍ ဝမ်းမြောက်ဖွယ် သတင်းကောင်းကို ရဲရင့်စွာကြားပြောကြသည်။

ရိုက်ညီနောင်၏အောင်မြင်မှုကို သူတို့၏အိမ်နီးချင်းများက ချက်ချင်းအသိအမှတ်မပြုခဲ့ကြပေ။ သူတို့၏နယ်ခံသတင်းစာမှ…

ချောကလက်နှင်းပွင့်များ

ဆွဇ်ဇာလန်နိုင်ငံ၊ အိုလ်တန် (Olten) မြို့သူမြို့သားများသည် တစ်မြို့လုံးကိုဖုံးလွှမ်းသွားသည့် ချောကလက်အမှုန်ထုကြောင့် အံ့အားသင့်သွားခဲ့သည်။ အနီးအနားမှ ချောကလက်စက်ရုံရှိ လေဝင်လေထွက်စနစ် ချို့ယွင်းသဖြင့် ကိုကိုးမှုန့်များ လေထဲပျံ့နှံ့ကာ ပတ်ဝန်းကျင်တစ်ခုလုံး အချိုသကာအာဟာရများဖြင့် လွှမ်းခြုံသွားခဲ့သည်။ ချောကလက်ကြိုက်သူအဖို့ ဤချောကလက်မှုန့်သည် လက်တွေ့ဖြစ်လာသည့် အိပ်မက်ပင်ဖြစ်သည်။

ချောကလက်သည် လူတစ်ဦး၏ အာဟာရလိုအပ်ချက်များကို လုံလောက်စွာ မဖြည့်ဆည်းပေးနိုင်သော်လည်း ဘုရားသခင်သည် ဣသရေလလူမျိုးများအား အာဟာရပြည့်သော ကောင်းကင်မှမုန့်မိုးကို ဖြည့်ဆည်းချပေးခဲ့သည်။ ကန္တာရကိုဖြတ်သန်းကြစဉ် ဣသရေလလူမျိုးများသည် အဲဂုတ္တုပြည်၌ ကျန်ခဲ့သည့် အမျိုးမျိုးသော စားစရာများအကြောင်းကို ညည်းတွားကြသည်။ ထိုအခါ ဘုရားသခင်က သူတို့ကို အားဖြည့်ပေးရန် “မိုးကောင်းကင်က မုန့်မိုးကိုရွာစေမည်”ဟု မိန့်ကြားခဲ့သည် (ထွက် ၁၆:၄)။ မနက်ခင်းနှင်းစက်များ ခြောက်သွားသောအခါ မုန့်လုံးများကျန်နေခဲ့သည်။ ထိုနေ့က ဣသရေလလူမျိုး (၂) သန်းခန့်အား သူတို့စားလောက်သမျှကို သိမ်းစေခဲ့သည်။ ကန္တရထဲတွင် လှည့်လည်ခဲ့ရသည့် အနှစ် (၄၀) ပတ်လုံးတွင်…